Contact from Email - [email protected]

About Us

ကျွန်ုပ်တို့အကြောင်း

  • ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်မှ စတင်ကာ စနစ်သစ် အမျိုးသားသင်ရိုးညွှန်တမ်းဖြင့် KG – Grade 12 ထိသင်ကြားပို့ချပေးလျက်ရှိသော အရှေ့တိုင်းကိုယ်ပိုင်အထက်တန်းကျောင်းကို ဖွင့်လှစ်လျက်ရှိပါသည်။
  • နိုင်ငံတကာအဆင့်မီ သင်ကြားရေးအထောက်အကူပြုပစ္စည်းများဖြင့် အရည်အချင်းပြည့်ဝသော သင်ကြားရေးအတွေ့အကြုံရှိ ဆရာ/ဆရာမကောင်းများမှ အမျိုးသားသင်ရိုးညွှန်းတမ်းတွင် ပါဝင်သော ဘာသာရပ်များကို ကျောင်းသားလူငယ်များ တတ်ကျွမ်းနားလည်အောင် စနစ်တကျ သက်ကြားပေးလျက်ရှိသည့်အပြင် ပန်းချီ/ကာယ/ ဂီတ ပညာရပ်များကိုပါ ကျောင်းချိန်အတွင်း သင်ယူလေ့လာနိုင်စေရန် ထည့်သွင်းသင်ကြားပေးလျက်ရှိပါသည်။
  • အရှေ့တိုင်းကိုယ်ပိုင်ကျောင်းတွင် တက်ရောက်ပညာသင်ယူသော ကျောင်းသားများအနေဖြင့် အမျိုးသားသင်ရိုးညွှန်းတမ်းပါ ဘာသာရပ်များအပြင် ထပ်ဆောင်း ဘာသာရပ်အဖြစ် English နှင့် Chinese ဘာသာစကားများကို အခြေခံမှစ၍ အဆင့်မြင့်အထိ သတ်မှတ်သင်ရိုးအဆင့်များအတိုင်း ကျွမ်းကျင်တတ်‌‌မြောက်သည်အထိ သင်ယူလေ့လာနိုင်ရန် ထည့်သွင်း သင်ကြားပေးလျက်ရှိပါသည်။

Vision & Mission

ကျွန်ပ်တို့ကျောင်းသည် ကျောင်းသားလူငယ်များ အခြေခံပညာအထက်တန်းကို အရည်အချင်းပြည့်မှီစွာ အောင်မြင်ပြီး မိခင်ဘာသာစကားအပြင် ကမ္ဘာတဝန်းအသုံးပြုလျက်ရှိသော English နှင့် Chinese နိုင်ငံခြားဘာသာစကားများကို ကျွမ်းကျင်တတ်မြောက်သည့်အပြင် အားကစားအခြေခံကောင်းကို ရရှိကာ ကျန်းမာကြံ့ခိုင်သော၊ ဘက်စုံထူးချွန်သော၊ လက်တွေ့လူမှုရပ်ဝန်းတွင် နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သော ထူးချွန်လူငယ်များအဖြစ် အနာဂတ်အောင်မြင်မှုများကို ပိုင်ဆိုင်နိုင်စေရန် မျှော်မှန်း၍ ကျောင်းသားလူငယ်များ၏ ကိုယ်စွမ်း၊ ဥာဏ်စွမ်းကို ဖော်ထုတ်မွမ်းမံပေးသည့် အကောင်းဆုံးသော နိုင်ငံတကာအဆင့်မီ သင်ယူခွင့် ပတ်ဝန်းကျင်ကိုဆောင်ရွက်ထားရှိပါသည်။

Services

Our Services

  • ခေတ်မီ ခိုင်မာသော သင်ကြားရေးအဆောက်အအုံ၊ သန့်ရှင်းသပ်ရပ်၍ လေဝင်လေထွက် ကေားသော စာသင်ခန်း၊ ဘေးအန္တရယ်ကင်းရှင်းစေရေး
  • စနစ်တကျစီစစ်ခွင့်ပြုသော ဝင်/ထွက်ဂိတ်၊ လုံလောက်သော ကားရပ်နားရန်နေရာ
  • စည်းကမ်းတကျဆောင်ရွက်ထားရှိသော ကျန်းမာရေး၊ လုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းနှင့် ကြီးကြပ်ကွပ်ကဲမှု အစရှိသည်များအား ကျွန်ုပ်တို့ကျောင်းမှ ဖြည့်ဆည်းထားရှိပါသည်။

ကျွန်ုပ်တို့ကျောင်းမှ ကျောင်းသားလူငယ်များ စဥ်ဆက်မပြတ် ကောင်းမွန်သောပညာရေးကို လေ့လာသင်ယူခွင့်ရရှိရေး ပံ့ပိုးမှုတစ်ခုအနေဖြင့် ပညာရေးဆိုင်ရာ ထောက်ပံ့မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိသော ကြယ်တံခွန်ဖောင်‌‌‌‌‌ဒေးရှင်းမှ ပေးအပ်ချီးမြှင့်သည့် ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး လျှောက်ထားရရှိနိုင်သည့် အခွင့်အလမ်းကိုပေးအပ်လျက်ရှိပါသည်။

ကြယ်တံခွန်ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များပညာရေးဆိုင်ရာ အခွင့်အလမ်းကောင်းများ ရရှိနိုင်ရေးအတွက် တစ်တပ်တအား ပံ့ပိုးကူညီဆောင်ရွက်ရန် ရည်ရွယ်၍ ၂၀၂၀ ခုနှစ်တွင် အဖွဲ့ဝင်ဒါရိုက်တာ (၁၁)ဦးဖြင့် မှတ်ပုံတင် တည်ထောင်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ဖောင်‌ဒေးရှင်းမှ နှစ်စဥ် ေထာက်ပံ့မှု လိုအပ်လျက်ရှိသော ထူးချွန်ကျောင်းသားလူငယ်များ နိုင်ငံတကာအဆင့်မီပညာရပ်များကို ပြည်တွင်း/ပြည်ပ ကျောင်းများတွင် ကောင်းမွန်စွာ ပညာဆက်လက်သင်ကြားနိုင်ရေး ပံ့ပိုးထောက်ပံ့ပေးလျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။