Contact from Email - [email protected]

Admission

ကျောင်းသားရေးရာ

G-1 to G-12 ကျောင်းသားများကျောင်းအပ်နှံရာတွင် ကိုက်ညီရမည့်သတ်မှတ်ချက်များ။

  • ၂၀၁၈ ခုနှစ်မွေးဖြစ်ပါက G-1 အတန်းတွင်လက်ခံရန်။
  • ကျောင်းပြောင်းလက်မှတ်တွင် အောင်မြင်သည့် ခုနှစ်၊ အတန်း ပါရမည်။
  • ကျောင်းပြောင်းလက်မှတ်တွင် ဖျက်ရာ/ ပြင်ရာပါလျင် မျဉ်း၂ကြောင်း ခြစ်၍ သက်ဆိုင်ရာ ဆောင်ရွက်ခွင့်ရှိသူ၏ လက်မှတ်ထိုးရပါမည်။
  • International School မှ ပြောင်းလာသော ကျောင်းသားများအား သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးတွင် Placement Test ဖြေဆို အောင်မြင်ပြီးမှသာလျှင် ကျောင်းအပ်လက်ခံမည်ဖြစ်သည်။
  • စစ်ဘေးရှောင်/ နှစ်ချို့များဖြစ်ပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် ယာယီ လက်ခံရန်။

G-1 to G-12 ကျောင်းသားများကျောင်းအပ်နှံရာတွင် တင်ပြရမည့်အထောက်အထားများ။

  • အိမ်ထောင်စုရင်းမူရင်း နှင့် မိတ္တူ
  • မိဘမှတ်ပုံတင်မိတ္တူ
  • ကျောင်းသားဓာတ်ပုံ (၈)ပုံ

ကျောင်းပြောင်းလက်မှတ် (TC) တွင် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူး လက်မှတ်ပါရမည်။

International School မှ ပြောင်းရွှေ့လာသော ကျောင်းသားများ ဖြစ်ပါက သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးတွင် Placement Test ဖြေဆိုထားသော အောင်လက်မှတ်ပါရှိရမည်။

KG ကျောင်းသားများကျောင်းအပ်နှံရာတွင် ကိုက်ညီရမည့်သတ်မှတ်ချက်များ။

  • KG အပ်နှံသောကျောင်းသားများသည် ၂၀၁၉ ခု မေလထက်‌ နောက်မကျဘဲ မွေးဖွားပြီး ၂၀၂၄ ခုနှစ် မေလတွင်အသက် (၅) နှစ် ပြည့်ပြီးသူဖြစ်ရမည်။
  • ၂၀၁၉ ခုနှစ် ဇွန်လ မွေးဖွားသူ (၅နှစ်ပြည့်ရန် တစ်လလိုသူ) ဖြစ်က  ကျောင်းအုပ်၏ ခွင့်ပြုချက်ဖြင့်လက်ခံနိုင်သည်။
  • ၂၀၁၉ ခုနှစ် ဇူလိုင်လ မွေးဖွားသူ (၅နှစ်ပြည့်ရန်နှစ်လလိုသူ) ဖြစ်က  မြို့နယ်ပညာရေးမှူးရုံး၏ ခွင့်ပြုချက်ဖြင့်လက်ခံနိုင်သည်။
  • ၂၀၁၉ ခုနှစ် ဩဂုတ်လ မွေးဖွားသူ (၅နှစ်ပြည့်ရန်သုံးလလိုသူ) ဖြစ်က  တိုင်းပညာရေးမှူးရုံး၏ ခွင့်ပြုချက်ဖြင့်လက်ခံနိုင်သည်။

KG ကျောင်းသားများကျောင်းအပ်နှံရာတွင် တင်ပြရမည့်အထောက်အထားများ။

  • မွေးစာရင်းမူရင်း နှင့် မိတ္တူ
  • အိမ်ထောင်စုစာရင်းမူရင်း နှင့် မိတ္တူ
  • မိဘမှတ်ပုံတင်မိတ္တူ
  • ကျောင်းသားဓာတ်ပုံ (၈)ပုံ

ပုံစံ(က)၂စောင် (အုပ်ထိန်းသူမှမွေးစာရင်းပါအချက်များအတည်ပြု၍ လက်မှတ်ထိုးရန်)

July, August လတွင်မွေးဖွားသူဖြစ်ပါက မွေးစာရင်းမူရင်းနှင့် အတူ မိဘလက်ရေးနှင့် အသနားခံစာပူးတွဲတင်ပြရမည်။

မွေးစာရင်းမပြနိုင်ပါက သက်ဆိုင်ရာမွေးရာဒေသ၏အုပ်ချုပ်ရေးမှူး/ ရွာသူကြီး/ကျေးရွာကျန်းမာရေးဆရာ၊ဆရာမတစ်ဦးဦး၏ ထောက်ခံစာ တင်ပြရမည်။