မူလတန်း မှ အထက်တန်း အထိ ပညာရေးဌာနမှ ချမှတ်ထားသော စနစ်သစ်သင်ရိုးများ သင်ကြားပေးမည့်အပြင် ထပ်ဆောင်းဘာသာရပ်အနေဖြင့် တရုတ်စာဘာသာရပ် နှင့် အင်္ဂလိပ်စာဘာသာရပ်၊ အခြားသောဖွံ့ဖြိုးရေးဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။
အစိုးရစနစ်သစ်သင်ရိုးများကို အရည်အချင်းပြည့်မှီသော ဝါရင့်ဆရာ/ဆရာမကြီးများမှ ခေတ်မှီသင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။
ကလေးများ၏ အသက်မွေးဝမ်းကြောင်းနှင့် ပညာရေးအတွက်အထောက်အကူဖြစ်စေရန် တရုတ်စာဘာသာစကားကို အရည်အချင်းပြည့်ဝကျွမ်းကျင်သော ဆရာ/ဆရာမ များနှင့် ကျောင်းချိန်အတွင်း သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။
ကလေးများ၏ဝါသနာ နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးမြင့်သင်ထောက်ကူပစ္စည်းများဖြင့် ဂီတ၊ အနုပညာ၊ အားကစား နှင့် ကွန်ပျူတာဘာသာရပ် အစရှိသည်တို့ကိုလည်း အသီးသီး သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။